သတင်းများ

ရေဖြူမြို့၌ မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်191 Sticker များ ကပ်ခြင်းဆောင်ရွက်
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Stickerများ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက် ၈နာရီက ရေဖြူမြို့အဝင်တံတား၊ ရပ်ကွက်များရှိနေအိမ်များ အထွက်စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံပြကွက် ရိတ်သိမ်းရာ စပါးအစို (၁၂၇.၃၃)တင်း ထွက်ရှိ
Apr 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၀)၊ ဦးပိုင်အမှတ်(၉/၃)ရှိ တောင်သူဦးမင်းဟန်၏ လယ်မြေ(၄.၉၁)ဧက၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံပြကွက်တွင် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီမိနစ် ၃၀ အချိန်က အဆိုပါ ဦးမင်းဟန်၏ လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာန၌ မတ်လအတွင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့
Apr 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနတွင် မတ်လအတွင်း စုစုပေါင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အင်္ဂလိပ်စာ Grammar အခမဲ့ သင်တန်းဆင်းပွဲ ကျင်းပ
Apr 12,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
Apr 12,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၁ ရက်နေ့မှစ၍ လက်ပံတန်းမြို့နယ်အတွင်း မီးလောင်မှုများ လျော့နည်းစေရန်အတွက် မီးသတိမူရေးလှည့်လည်ဆော်သြခြင်း၊ စျေးအတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး မဟာသင်္ကြန်ကာလအတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များထောက်ပံ့
Apr 12,2024
မဟာသင်္ကြန် နှစ်သစ်ကူးကာလအတွင်း ကချင်ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။