ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖွင့်လှစ်ခဲ့သည်  အခြေခံအင်္ဂလိပ်စာ(အခမဲ့) သင်တန်းဆင်းပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသ

ကျောက်ဆည်  ဧပြီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီးဖွင့်လှစ်ခဲ့ သည့် အခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲက သင်တန်းဆင်းပွဲနှင့် စာအုပ်စာစောင်၊ အသိပညာပေး နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာအသုံးချပြီး ကျောင်းသင်ခန်း စာဘာသာရပ်များသင်ကြားရာတွင် လက်တွေ့အသုံးချပြီး ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများဖြစ်လာရေး အခြေခံအင်္ဂလိပ်သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍ အခြေခံကွန်ပျူတာသင်တန်း၊ မြန်မာ့သိုင်းသင်တန်းများ ဆက်လက်သင်ကြား သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဦးအေးလင်းက အင်္ဂလိပ်စာပေသည် ကမ္ဘာသုံးဘာသာ စကားဖြစ်သည့်အတွက် အရေးပါသည့် ဘာသာစကားဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပေးလိုက်သော အခြခံအရေး၊ အပြော၊ အဖတ်မှစ၍ အင်္ဂလိပ်စာ ကျွမ်းကျင်သူများဖြစ်အောင် ဆက်လက်လေ့လာ ကြိုးစားသွားကြစေလိုကြောင်း အမှာစကားပြောကြား ခဲ့သည်။

ထို့နောက် အင်္ဂလိပ်ဆရာမ ဒေါ်အေးစုမွန်က သင်တန်းတွင် သင်ကြားပေးလိုက်သော Eight Parts of Speech ဝါစင်္ဂ(၈)မျိုးဖြစ်သည့် Noun (နာမ်)၊ Pronoun(နာမ်စား)၊ Adjective(နာမဝိသေသန၊ Verb (ကြိယာ)၊ Adverb(ကြိယာဝိသေသန)၊ Proposition(ဝိဘတ်)၊ Conjunction(စကားစပ်)၊ Interjection (အာမေဋိတ်) အကြောင်းများနှင့် Tenses(ကာလများ)ဖြစ်သည့် ပစ္စုပ္ပန်ကာလ၊ အတိတ်၊ အနာ ဂတ်ကာလများအကြောင်းကို စနစ်တကျ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထူးချွန်သူများဖြစ်အောင် ဆက်လက်လေ့လာပြီး သိရှိလိုသည့် အကြောင်းအရာများရှိပါက အချိန်မရွေး ဆက်သွယ်မေးမြန်းပြီး အကူအညီများတောင်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းဆရာမဒေါ်အေးစုမွန်အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ အသိပညာပေး မြေစိုက်နံနံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်