သတင်းများ

ပြင်ဦးလွင်မြို့နယ်၌ အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်ခရိုင် မိခင်နှင့် ကလေးရှောက်မှုကြီးကြပ်ရေးအဖွဲ့(ဆယ်အိမ်စုမှူး)နှင့် ပြင်ဦးလွင်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်း‌ဆေးပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ရာရှေးဦးစွာ ခရိုင်မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်‌ရွှေမိုးသူဇာမှ အမှာစကား ပြောကြားသည်။
ကော့သောင်းမြို့၌ကျင်းပသည့် ၂ဝ၂၆ခုနှစ် မိုးရာသီ စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုး
Jul 23,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်ဆည်မြောင်း‌ဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်း‌‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များ၊ တိုင်း‌ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ကော့သောင်းဂေါက်ကွင်းတွင် ကျင်းပသည့် ၂ဝ၂၆ ခုနှစ် မိုးရာသီစတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။
ဘုတ်ပြင်းမြို့၌ လေဆင်နှာမောင်းတိုက်ခိုက်သဖြင့် လူနေအိမ်တစ်လုံး အမိုးလန်၊  နေအိမ်သုံးလုံး အနည်းငယ်ပျက်စီး
Jul 23,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် နို့ငွါးကျေးရွာအုပ်စု ချောင်ကဖီးကျေးရွာ၌ ဇူလိုင်လ ၂၃ နံနက် ၄ နာရီက လေဆင်နှာမောင်းတိုက်ခိုက်ခဲရ၍ လူနေအိမ်တစ်လုံး အမိုးလွင့်ထွက်ကာ အနီးရှိ နေအိမ်သုံးလုံး အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏မိသားစုဝင်ငွေတိုးရေးစီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်း ပေးအပ်
Jul 23,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဗျူဟာအခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့မဉ္ဇူသကခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ၏မိသားစုဝင်ငွေတိုးရေးစီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်း ပေးအပ်ပွဲအခမ်းအနားသို့  တက်ရောက်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ကော့သောင်းမြို့၌ ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံ
Jul 23,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများသည် ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံခရီးသွားလုပ်ငန်းဆိုင်ရာလူမှုစီးပွားကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် ကော့သောင်းမြို့၊ Victoria Cliff Hotel ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲ ပြုလုပ်သည်။
​​​​​​​မြစ်ကြီးနားမြို့ ဘဝသစ်ပြန်လည်ထူထောင်ရေးဂေဟာ၌ အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Jul 23,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဘဝသစ်ပြန်လည်ထူးထောင်ရေးဂေဟာရှိခန်းမ၌ ဇူလိုင် ၂၂ ရက်က အသိပညာ‌ပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်အောင်မြင် ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများ အား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် အ.ထ.က အဏ္ဏဝါ၊အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်း မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း ကတ္တရာကွန်ကရိလမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း(သိမ်ဖြူသင်္ဘောကျင်းရှေ့နှင့် မဟာဗန္ဓုလပန်းခြံလမ်းကြား) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။