သတင်းများ

မိတ္ထီလာတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းကြိုအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းကြိုအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီးပွားရေးဘဏ်ခြံ၀င်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ
Dec 24,2025
‎‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး တတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မိမိမဲစာရင်းပါရှိရေး စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ ဈေးကောင်းရရှိ
Dec 24,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ (ဒေသအခေါ် ကော်ဖီအသေးများ)မှာ ဆွတ်ခူးရောင်းချချိန် စျေးကောင်းရရှိနေကြောင်း သိရသည်။
အလုံခရိုင်၊ အလုံမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းပြုလုပ်
Dec 24,2025
အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံ၊ ကမ်းနားလမ်းနှင့် သခင်မြပန်းခြံလမ်းတစ်လျှောက်ရှိ YBS ယာဥ်လိုင်းဂိတ်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ/နိုင်ငံသား အားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန် ထောက်ပံ့ငွေပေးအပ်
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံငွေများပေးအပ်ပွဲကို ရန်အောင်မြင်ရပ်ကွက် မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ‌စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျပ်( ၃၈ ဒသမ ၉၈)သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်- ချောင်းကွေ့-ပန်းဦးတောင်ကျေးရွာချင်း ဆက်လမ်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒု သုံးလက်မ) နှင့် စည်သာ-စည်ကား-တွင်းငယ်ကျေးရွာချင်း ဆက်လမ်း ဂျင်းလမ်းခင်းပြုပြင်ခြင်းလုပ်ငန်း အရှည် ၀/၃.၅ မိုင်၊  အကျယ် ၁၈ ပေ၊ ဒုသုံး လက်မ) ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုလမ်း ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ်( ၁၉ ဒသမ ၆၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ဖို-ပန်းဦးတောင်-ကုန်းကော်ကျေးရွာချင်းဆက်လမ်း ဂျင်းခင်း ပြုပြင်ခြင်း လုပ်ငန်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒုလက်မ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။