ပြင်ဦးလွင်မြို့နယ်၌ အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်ခရိုင်မိခင်နှင့် ကလေးရှောက်မှုကြီးကြပ်ရေးအဖွဲ့(ဆယ်အိမ်စုမှူး)နှင့် ပြင်ဦးလွင်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်း‌ဆေးပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ  ဦးစွာခရိုင်မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်‌ရွှေမိုးသူဇာက အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ခရိုင်တာ၀န်ခံ ဦးစီးအရာရှိ ဦးထွန်း၀င်းက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်များရှင်းလင်းပြောကြားပြီးနောက် ခရိုင်မိခင်နှင့်က‌လေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များမှ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဆေးဖက်၀င်တိုင်းရင်းဆေးပင်များနှင့် တိုင်းရင်းဆေးဝါးများအား ကြည့်ရှုလေ့လာသည်။

ဆက်လက်၍ သင်တန်းနည်းပြအဖြစ် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်တာ၀န်ခံ ဦးစီးအရာရှိ ဦးထွန်း၀င်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား လည်းကောင်း၊   မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သူဇာ၀င်းမှ အိမ်ရှင်မများအတွက် မီးဖိုချောင်မှ ဆေးစွမ်းကောင်းများအကြောင်း သိကောင်းစရာများအား လည်းကောင်း သင်ကြားပို့ချသည်။  အဆိုပါသင်တန်းသို့ ပြင်ဦးလွင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ သင်တန်းသူ စုစုပေါင်း ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)