မြစ်ကြီးနား ဇူလိုင် ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဘဝသစ်ပြန်လည်ထူးထောင်ရေးဂေဟာရှိခန်းမ၌ ဇူလိုင် ၂၂ ရက်က အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးသီဟအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ အားကစားနှင့် ကျန်းမာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြရာ တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များအား မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)