သတင်းများ

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားတက်ရောက်
Dec 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အေးမြသာယာကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့်ဆောင်ရွက်ပေး
Dec 24,2025
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့် ကတ်ပြားအသစ်ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက (၂)လမ်းမြို့နယ်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်း ဆောင်ရွက်
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ယမန်နေ့မှစတင်ပြီး ဆောင်ရွက်ခဲ့သည်။
တံတားမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယမန်‌နေ့ နံနက်ပိုင်းက စတင်၍ ရပ်ကွက် / ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Dec 24,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ‌အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 24,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများက ယမန်နေ့ ညနေ (၃) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၌ တတိယကြိမ် မဲစာရင်းများ ကပ်ထားကြေညာ
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှု ကြေညာထားရှိမှုများအား မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ‌ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Dec 24,2025
ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းအရှေ့တာဝန်ခံ)သည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည်စုံမှန်ကန်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်၍ ကြေညာခြင်းမပြုမီ မိုင်းဆတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် စိစစ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။