သတင်းများ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒဂုံတက္ကသိုလ်၊  သန့်ရှင်း သာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၊  သန့်ရှင်းသာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကလေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး
Jul 23,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် စုပေါင်းငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖားကန့်မြို့‌ မြို့ပေါ်ရပ်ကွက်များတွင်ရေကြီးရေလျှံမှုဖြစ်ပွားပြီး‌နောက် ကျန်ရှိ‌နေသည့်အမှိုက်များနှင့် ရွှံ့နွံများ စု‌ပေါင်းသန့်ရှင်း‌ရေးနှင့်‌‌ ရေတွင်း ရေကန်များသို့ ကလိုရင်း ဆေးခပ်ခြင်းဆောင်ရွက်
Jul 23,2026
ကချင်ပြည်နယ် ဖားကန့်မြို့‌ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး‌နောက် ကျန်ရှိ‌နေခဲ့သည့် အမှိုက်များနှင့်ရွှံ့နွံများအား စု‌ပေါင်းသန့်ရှင်း‌ရေးနှင့်‌‌ ရေတွင်းရေကန်များသို့ ကလိုရင်း ဆေးခပ်ခြင်းကို ဇူလိုင်လ ၂၂ရက် နံနက်ပိုင်းမှစတင်၍ မြို့‌ပေါ်ရပ်ကွက်များ၌ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်း ကတ္တရာကွန်ကရိလမ်း ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်း(အောင်ဇေယျလမ်းနှင့် မြောက်မြင်းပြိုင်ကွင်း လမ်းကြား) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြံခင်းမြို့နယ်၌ စားအုန်းဆီ‌ဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချ‌ပေးနေမှုအား ကွင်းဆင်းစစ်ဆေး
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မှန်ခြောက်မှန်နှင့် အညီရောင်းချစေရေး၊ လက်ဝယ်သိုလှောင်၍ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေးနှင့် စားအုန်းဆီ‌ဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျရောင်းချမှု ရှိ/မရှိတို့ကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ်ရှိ *WELCOME TO KANGYIDAUNT* ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ မြို့ထိပ်တွင် *WELCOME TO KANGYIDAUNT* ဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့် အဖွဲ့က တက်ရောက်ခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 23,2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက် ကွမ်ဒိုအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အုပ်ချုပ်သူများ/ နည်းပြများ၊ အားကစား သမားများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (အ.လ.က) လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။