သတင်းများ

မြိတ်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၆) သင်တန်းဆင်းပွဲကျင်းပ
Jul 24,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်လျက်ရှိသော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဇူလိုင် (၂၄) ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
တောင်ငူမြို့နယ်အတွင်းရှိ သက်သာသောဈေးနှုန်းဖြင့် ဒေသကြက်နှင့် CP ကြက်သားများကို နေ့စဉ်ရောင်းချပေးလျက်ရှိ
Jul 24,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဒေသကြက်နှင့် CP ကြက်သားများကို တောင်ငူမြို့နယ်အတွင်း နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ရန်ကုန်မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
Jul 24,2026
‎‎ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်း၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့အတွက် ကြည့်ရှုစစ်ဆေးသည်။
ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 23,2026
တနင်္သာရီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်သည် ဌာနဆိုင်တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ‌ဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ကွင်းဆင်းရောဂါရှာဖွေဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 23,2026
ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်၊ ကုသရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများကအခမဲ့ ကွင်းဆင်းရောဂါရှာဖွေဆေးကုသပေးခြင်း
ဘားအံမြို့အား တစ်နှစ်ပတ်လုံး သွားလာလည်ပတ်နိုင်သော ခရီးသွားမြို့တော်ကြီးဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
Jul 23,2026
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သည် အထူးသဖြင့်မိုးရာသီတွင် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်ကြပြီး တစ်နှစ်ပတ်လုံးသွားလာလည်ပတ်နိုင်သော ခရီးသွားမြို့တော်ကြီးဖြစ်စေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ခရီးသွားများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ဇူလိုင် ၂၃ ရက်  နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏  (၅/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။
ဘုတ်ပြင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ကျေးရွာမြေငှားဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ကတ်၊ လူထုကျန်းမာရေးသင်တန်းဆင်းလက်မှတ်ပေးချီးမြှင့် 
Jul 23,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအနက် ကျေးရွာမြေငှားဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ လူထုကျန်းမာရေးသင်တန်းဆင်းလက်မှတ်၊ ဓာတ်မြေဩဇာများနှင့် အသက်(၁၉)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုများပေး အပ်ချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက်(၁၀)နာရီက မြို့တော်ခန်းမ၌  ပြုလုပ်သည်။
မြိတ်မြို့နယ်သစ်​တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေးဟောပြော
Jul 23,2026
တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇူလိုင်(၂၃)ရက်​ နံနက်(၁၀) နာရီက ရွှေပေး‌‌ကျေးရွာ၊ အ.ထ.က(ခွဲ))ရွှေပေးကျောင်းတွင် ကျင်းပသည်။