သတင်းများ

တနင်္သာရီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအား တတိယအကြိမ် ကပ်ထားကြေညာ
Dec 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်
Dec 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများမှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Dec 23,2025
စစ်တွေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Dec 23,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဟားခါးမြို့၌‌ ဒေသဘာသာဖြင့်ထုတ်ဝေသော ၂၀၂၅ ခုနှစ်‌ ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ကြည့်ရှုအားပေး
Dec 23,2025
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဒေသဘာသာစကားဖြင့် ပြန်ဆိုထားသည့် မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်း ကိမ်ပိန်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း၊ ခရိုင်စုပေါင်းရုံးရှေ့နှင့် တလန်ဟရောန်းလမ်း ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့များတွင် ဆောင်ရွက်ကြသည်။    
ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့် သင်ထောက်ကူပြိုင်ပွဲအခမ်းအနား ကျင်းပ
Dec 23,2025
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့်သင်ထောက်ကူပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ကျင်းပရာ ခရိုင်ပညာရေးမှူး ဆရာကြီးဦးဘုန်းဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ
Dec 23,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် မဲရုံနေရာအဖြစ် သတ်မှတ်ထားရှိသည် အဆောက်အဦဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။
တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် တတိယအကြိမ် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နေပြည်သူများမှ လာရောက် ကြည့်ရှု
Dec 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ယနေ့တွင် ထုတ်ပြန်ကြေညာထားရာ ရပ်ကွက်နေပြည်သူများမှ လာရောက်ကြည့်ရှုသည်။