ဘုတ်ပြင်း ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် နို့ငွါးကျေးရွာအုပ်စု ချောင်ကဖီးကျေးရွာ၌ ဇူလိုင်လ ၂၃ နံနက် ၄ နာရီက လေဆင်နှာမောင်းတိုက်ခိုက်ခဲရ၍ လူနေအိမ်တစ်လုံး အမိုးလွင့်ထွက်ကာ အနီးရှိနေအိမ်သုံးလုံး အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ချောင်းကဖီးကျေးရွာ၌ ဦးချိုဦးပိုင်ဆိုင်သည့် အလျား ပေ ၇၀၊ အနံ ပေ ၃၀၊ အမြင့် ၂၅ ပေရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ်သည် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အမိုးလွင့်ထွက်ပျက်စီး၍ အနီးရှိ နေအိမ်သုံးလုံးလည်း အနည်းငယ်ပျက်စီးခဲ့ကြောင်း၊ အခြားလူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။ ပျက်စီးခဲ့သည့်နေအိမ်မှ မိသားစုဝင်များအား ဆွေးမျိုးများနေအိမ်တွင် ခေတ္တနေထိုင်လျက်ရှိပြီး ခေါင်းမိုးပြန်လည်ပြုပြင်နိုင်ရေးကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)