သတင်းများ

တိုက်ကြီးမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများအား တတိယအကြိမ်အဖြစ် ယနေ့ညနေပိုင်းမှစ၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Dec 24,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုးသည် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
သနပ်ပင်မြို့နယ် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Dec 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပံခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့မဈေးအတွင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သာကေတမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကြေငြာထားမှုအား ကွင်းဆင်းကြည့်ရှုအားပေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်တို့နှင့်အတူ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက သာကေတမြို့နယ် ၃/ ရန်ပြေရပ်ကွက်၌ တတိယအကြိမ်မဲစာရင်း ကြေငြာထားမှုအပေါ် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေးကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် မဲဆန္ဒနယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရန် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံရှိပြီး မဲဆန္ဒရှင် ၁၁၀၁၉၁ ဦးရှိ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (တတိယအကြိမ်)  ရပ်ကွက် /ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒီဇင်ဘာ ၂၃ ရက်‌ နံနက်ပိုင်းမှ စတင်ကြေညာထားကြောင်း သိရသည်။ မြို့နယ်အတွင်း၌  ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံရှိပြီး မဲဆန္ဒရှင် ၁,၁၀,၁၉၁ ဦးရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။