သတင်းများ

လှည်းကူးမြို့နယ်၌ စာဖတ်ချိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ပြပွဲ ၊ပြိုင်ပွဲများကျင်းပ
Jul 23,2026
လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ချိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ ၊ပြိုင်ပွဲများကို  ယနေ့နံနက်(၁၀:၀၀)အချိန်က အ.ထ.က(ကျွန်းကလေး)တွင် ကျင်းပသည်။
နောင်တရားမြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြု
Jul 23,2026
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အမှတ်(၅၁၂)ခြေမြန်တပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် ယင်းမရိုးကျေးရွာစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသော မိုးဝါများပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
Jul 23,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးရွာများရှိ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းများမှ အသင်းသားတောင်သူများကမိုးဝါများစိုက်ပျိုးထားရာ ယင်းမရိုးကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသော မိုးဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဇူလိုင် ၂၂ ရက်က မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီတစ်ပိဿာလျှင် ၈၆၅၀ ကျပ်နှုန်းဖြင့် ၆၈၉၈ ပိဿာ ရောင်းချပေး
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပိုမိုအဆင်ပြေ‌စေရန်နှင့် စားနပ်ရိက္ခာဖူလုံ‌ရေးကို ရည်ရွယ်ကာ ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/ အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စဉ်ဆက်မပြတ် ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာသုံးဆီအ‌ရောင်းဆိုင်များ၌ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီတစ်ပိဿာလျှင် ၈၆၅၀ ကျပ်နှုန်းဖြင့် ၆၈၉၈ ပိဿာ ရောင်းချပေး ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ  ရုံးဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား  အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ဆိတ်ပလိပ်ရောဂါဖြစ်ပွားမှု စူးစမ်းရှာဖွေရန်အတွက် သွေးရည်ကြည် နမူနာပစ္စည်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းခန့်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဆိတ်ပလိပ်ရောဂါကြောင့် ဆိတ်မွေးပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရေး ဆိတ်မွေးခြံများသို့ ကွင်းဆင်း၍ ဆိတ်ပလိပ်ရောဂါ ဖြစ်ပွားမှုစူးစမ်းရှာဖွေရန်အတွက် သွေးရည်ကြည်နမူနာပစ္စည်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(‌ကျောက်ဆည်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်ပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်
Jul 23,2026
ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရေဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်၊ လှိုင်ဝအင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။