သတင်းများ

စက်ရုံ လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 24,2026
မွန်ပြည်နယ်အတွင်း ဒေသတွင်း ကြက်ဥလိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီတိုးတက်လာစေရေးအတွက် အအေးခန်းစနစ်သုံး ဥစားကြက် မွေးမြူရေးခြံ (Evaporative Cooling Systems Layer Farm) တည်ဆောက်မည့် လျာထားမြေနေရာအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပန်းကုန်းကျေးရွာသို့ သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကျိုက်လတ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Jul 24,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) သင်တန်းကို ဇူလိုင် ၂၁ ရက်၊ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
လိပ်သိုမြို့နယ်ရုံးတွင် ဒေသနေပြည်သူများ စာပေဗဟုသုတတိုးပွားစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 24,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သည့်ပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
ကျောက်ကြီးမြို့နယ် မြို့မစည်ပင်စျေး၌ သက်သာသောစျေးနှုန်းဖြင့် ကြက်သားများ နေ့စဉ်ရောင်းချ
Jul 24,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့မစည်ပင်စျေးတွင် သက်သာသောစျေးနှုန်းဖြင့် ကြက်သားများ နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ လှိုင်းဘွဲမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာလုပ်ငန်းများအောင်မြင်စေရေးအတွက် ညှိနှိုင်းဆွေးနွေး
Jul 24,2026
ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုနှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစောမြနှင့် ဦးသက်ထွေးလွင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တွေ့ဆုံပွဲကျင်းပ
Jul 24,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တွေ့ဆုံပွဲအခမ်းအနားကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံး (ရုံးခွဲ) ပြည်မှ တိုင်းပညာရေးမှူး ဒေါက်တာချစ်ကိုကို၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်း (ခွဲ) ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ/ ဆရာမများ တက်ရောက်ကြသည်။
တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ စုပေါင်းဝါဆိုသင်္ကန်းကပ်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်း တပ်ဆင်အသုံးပြုနေသော အိမ်သုံးမီတာများ တရားမဝင် သုံးစွဲမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း တပ်ဆင်အသုံးပြုနေသော အိမ်သုံးမီတာများ တရားမဝင် သုံးစွဲမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။