ကျောက်တံတားမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေကို အလွယ်တကူဖတ်ရှုနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်ကို ခွဲခြားတတ်စေရန်နှင့် အနာဂတ်တွင် နိုင်ငံကိုအကျိုးပြုမည့် သားကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။