မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 24,2026
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလမ်း/တံတားတည်ဆောက် ခြင်းလုပ်ငန်းများကို ယမန်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကို၊ မကွေးခရိုင် QC တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုးနှင့်တာဝန်ရှိသူများသည် မကွေးမြို့နယ် ရွာဟောင်းကန်အုပ်စု၊ ကန်သစ်ကျေးရွာလုပ်ငန်းခွင်သို့သတ်မှတ် Design နှင့် ကိုက်ညီမှုရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်းလိုက်နာဆောင်ရွက်မှုရှိ/မရှိတို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးသည်။