ကော့သောင်းမြို့၌ကျင်းပသည့် ၂ဝ၂၆ခုနှစ် မိုးရာသီ စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုး

ကော့‌သောင်း ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်ဆည်မြောင်း‌ဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်း‌‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များ၊ တိုင်း‌ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ကော့သောင်းဂေါက်ကွင်းတွင် ကျင်းပသည့် ၂ဝ၂၆ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တက်ရောက်လာသူများက ခရေ(၁)ပင်၊ သင်္ကန်း(၃)ပင်၊ မဟော်ဂနီ ပင် (၂၅၀)၊ ပျဉ်းကတိုး ပင်(၂၅၀)၊ မန်ဂျန်ရှား(၃၄၆)ပင် စုစုပေါင်းသစ်မျိုး(၅)မျိုး၊ စုစုပေါင်း ပျိုးပင် ၈၅၀ အား ကွင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ တက်ရောက်လာကြသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေး သည်။

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏ တန်ဖိုးကို အလေးထားနားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန်ရည်ရွယ်၍  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)