ချမ်းမြသာစည်မြို့နယ်၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jul 23,2026
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ လေးမျက်နှာဘုရားဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ဒေသခံပြည်သူများ၏ အသံကို နားထောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။