သတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
Jul 24,2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၌‌ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jul 24,2026
မင်္ဂလာဒုံမြို့နယ် အ.ထ.က(၇)ကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
လိပ်သိုမြို့တွင် ဂေါ်ရခါးပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခြင်းဖြင့် အပိုဝင်ငွေရရှိ
Jul 24,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်ရှိ ဒေသခံပြည်အချို့မှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၌ အိန္ဒိယနိုင်ငံအကူအညီဖြင့် သမဝါယမအသင်သားတောင်သူများအား မတ်ပဲမျိုးစေ့များ ထောက်ပံ့
Jul 24,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း၏ အသင်းသား (၅၆) ဦးအား အိန္ဒိယနိုင်ငံအကူအညီဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project- QIP) စီမံကိန်းအရ မတ်ပဲမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက လူငယ့်အားမာန်အသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများတွင် ငှက်ပျောပင်စိုက်ပျိုးပွဲနှင့် အခြေခံနှင့် မွမ်းမံ စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jul 24,2026
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်းကျောင်းသား ကျောင်းသူများ ခန္ဓာကိုယ်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးစေရေး အထောက်အကူပြု အာဟာရ ဖြည့်စွက်စာငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် ငှက်ပျောပင် စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ နမ့်ဘော်ဝမ်(ခ) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ်(ခါး)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီ တစ်ပိဿာလျှင် ၈၆၅၀ ကျပ်နှုန်းဖြင့် ၆၈၉၈ ပိဿာ ရောင်းချပေး
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပိုမိုအဆင်ပြေ‌စေရန်နှင့် စားနပ်ရိက္ခာဖူလုံ‌ရေးကို ရည်ရွယ်ကာ ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စဉ်ဆက်မပြတ် ရောင်းချလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စာသုံးဆီအ‌ရောင်းဆိုင်များ၌ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီတစ်ပိဿာလျှင် ၈၆၅၀ ကျပ်နှုန်းဖြင့် ၆၈၉၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Jul 24,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ထောက်ကြန့်ကွင်း(အမ်)အုပ်စု၊ ဂင်နိတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်သည်။
မန္တလေးခရိုင်၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပ
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပခဲ့သည်။