ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ထားဝယ်    ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်သည် ဌာနဆိုင်တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ‌ဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ထားဝယ်မြို့ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသန့်ရပ်လှပစေရေးဆောင်ရွက်နေမှုများ၊ ကမ်းနားပန်းခြံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆန်းချီချောင်းကူးတံတား တည်ဆောက်ရန်ပြင်ဆင်နေမှုများ၊ ဆိပ်ကမ်းသာလမ်းနှင့်ကမြောကင်းလမ်းထောင့် မြေယာရှုခင်းဆောင်ရွက်နေမှုများ၊ ထိန်သစ်ရပ်ကွက်အတွင်းရေမဝပ်စေရန်အတွက် (၈)လမ်းထိပ်မှ ထားဝယ် မြစ်အထိရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးက လေယာဉ်ကွင်းလမ်းဘေးဝဲ/ယာတစ်လျှောက် အလှပန်းပင် စိုက်ပျိုးနေမှုများ၊  မျှော်အင်းကန် ရေသိုလှောင်ထားမှု အခြေအနေများ၊ ဆန်းချီရပ်ကွက် ပင်လုံအိမ်ယာဝန်းအတွင်း သောက်သုံးရေရရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ထားဝယ်မြို့သည် တိုင်းမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းယာလှပရေးနှင့်ရေစီးရေလာကောင်းမွန်ရေး အထူးအလေးထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)