ရန်ကုန်မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

‎‎ရန်ကုန် ဇူလိုင် ၂၄

‎‎ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်း၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့အတွက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ သခင်အုန်းခင်လမ်းရှိ အမှတ် (၃) ဈေးသန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများနှင့် အမှတ် (၂၉) ရပ်ကွက်၊ ဆဒုံဒူးဝါးလမ်းသန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဈေးဆိုင်များစနစ်တကျရောင်းချစေရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ် (၁၇) ရပ်ကွက်၊ တမ္ပဝတီလမ်းရှိ ရွှေပေါက်ကံဈေး သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများနှင့် မြောက်ဥက္ကလာပမြို့နယ်၊ သီတာချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)