မြိတ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်(၂၃)ရက် နံနက်(၁၀) နာရီက ရွှေပေးကျေးရွာ၊ အ.ထ.က(ခွဲ))ရွှေပေးကျောင်းတွင် ကျင်းပသည်။
ဟောပြောရာတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများနှင့် တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်း ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးပြီး ကျောင်းသား/သူများအတွက် စာရေးကိရိယာများကို ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်သည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ(၁၁၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )