သတင်းများ

ကျိုက်လတ်၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက် မင်္ဂလာကန်တော်ကြီးအနီး ကံဘုန်းပွင့်ဘုရား အရှေ့ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်‌စေရန် တူးဖော်လျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့ အ.ထ.က(၂)ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 08,2024
လွိုင်လင်မြို့၊ အ.ထ.က(၂) ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ အသိပညာပေးဟောပြောကြသည်။
လပွတ္တာခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကျန်းမာရေးကွင်းဆင်း ကုသမှုဆောင်ရွက်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် လပွတ္တာခုတင်(၂၀၀) ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်များ၊ သူနာပြုဆရာမကြီး၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ စုစုပေါင်းအင်အား(၅၂)ဦး ပါဝင်သောအဖွဲ့သည် လပွတ္တာမြို့နယ် လပွတ္တလုပ်တောင်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား ကျန်းမာရေးကွင်းဆင်းစစ်ဆေး ကုသမှုများဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်စေရန် အသံချဲ့စက်များဖြင့်လိုက်လံအသိပေး
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် အသံချဲ့စက်များဖြင့်ရပ်ကွက်/ကျေးရွာနေပြည်သူများ လိုက်လံအသိပေးလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jul 08,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့် အခြားသဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ညောင်လှရပ်ကွက် ညောင်လှဆိပ်ကမ်း၌ ဆောင်ရွက်သည်။
ဗန်းမော်မြို့ “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Jul 08,2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ စာကြည့်တိုက်များကို အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဇူလိုင်လ ၈ ရက် နံနက် (၉) နာရီခန့်က “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဝက်များဈေးကောင်းရသဖြင့် ဝက်မွေးမြူသူများအဆင်ပြေ
Jul 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာဝက်များဈေး ကောင်းပေးဝယ်နေ၍ မွေးမြူသူများအဆင်ပြေလျက်ရှိပြီး ယခင်နှစ်ထက်တိုးချဲ့မွေးမြူလာကြောင်း သိရသည်။