သတင်းများ

စစ်ကိုင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jul 08,2024
စစ်ကိုင်းခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မစျေးကြီးတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး လူထုအသိပညာပေး ဗီနိုင်းစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၄)ရပ်ကွက်၊ ရာပြည့်လမ်းရှိ ဦးဟိုက်ပင့် သင်္ဘောဆိပ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ တိုးပွားစေရေး လူထုအသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူပွဲကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွား‌စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်ကျန်းမာရေးဌာနှင့် ဌာနဆိုင်ရာများပူးပေါင်း၍အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်တွင် ရပ်ကွက်‌များ၌‌ ဆောင်ရွက်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲကျင်းပ
Jul 08,2024
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်၊ ရမည်းမြို့နယ် ဦးစီးဌာနမှူးရုံး ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် တာပတ်ကျေးရွာ၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီက တာပတ်ကျေးရွာရှိ တောင်သူ ဦးမြစံ၏ ကွင်းအမှတ်(၇၀B)၊ ဦးပိုင်အမှတ်(၂၀/၄)၊ ဧရိယာ (၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယနေ့နံနက်ပိုင်း၌ စားသောက်ဆိုင်များ၊ လဖ္ဘက်ရည်ဆိုင်များ၊ မုန့်ဆိုင်များနှင့် မြို့သစ်ဈေးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်တက္ကသိုလ်၌ "TAXIDERMY" တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာအနီးရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်၊ သတ္တဗေဒဌာနမှ ကြီးမှူးကျင်းပသော "TAXIDERMY" တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ THEATRE  ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ရီရီဦး၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နီနီယဉ်၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းနှင့် ဆရာ/ဆရာမများ သံယဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန Htoo Zoo and Garden Business Unitsမှ သရေခွာရုပ်လုံးသွင်းပညာရှင် သင်တန်းနည်းပြဆရာ ဦးဘော်သန်းနှင့် ဆရာဦးမျိုးနိုင်၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။