သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး
Jul 08,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 08,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား  လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
တံတားမြို့တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်အတွင်းနှင့် ဈေးများတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရိတ်သိမ်းချွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်လှစ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် အမှတ်စဉ်(၁/၂၀၂၄) ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်/ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၇) စက်မှုလယ်ယာစခန်း၊  ရေကြည်မြို့၌ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ် ၄ ရပ်ကွက် ရှိ ပညာရှေ့ဆောင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွှေခရုကြိုတင်ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောပြီး ကောက်ယူနှိမ်နင်းပွဲကျင်းပ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးစပါးစိုက်ပျိုးသည့်ရာသီ၌ စပါးပင်များကို ရွှေခရုများက ကိုက်ယူစားသုံးသောကြောင့် စပါးပင်များပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် အသိပညာပေးဟောပြောပြောခြင်းနှင့် ကောက်ယူနှိမ်နင်းပွဲများကို ဆောင်ရွက်ခဲ့သည်။
လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
Jul 08,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲ လဟယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁၄)နာရီအချိန် လဟယ်မြို့ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပပါသည်။
ဖျာပုံမြို့နယ်တွင် အခွန်ဆိုင်ရာဥပဒေ ရှင်းလင်းပွဲကျင်းပ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲ ကျင်းပခဲ့ကြသည်။