သတင်းများ

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် အင်ဖက်များဖြန့်ဝေ
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင်ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ မိုးနှမ်း လျာထားဧက (၄၂၈၇)ဧကအနက် (၄၆၄) ဧက စိုက်ပျိုးပြီးစီး
Jul 08,2024
ပုဗ္ဗသီရိမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးနှမ်း လျာထားဧက (၄၂၈၇)ဧက အနက်တွင် (၄၆၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား
Jul 08,2024
သတင်းရေးသားခြင်း၊ သတင်းဗီဒီယိုရိုက်ကူးခြင်နှင့် သတင်းမီဒီယာကျင့်ဝတ်များကို သိရှိနားလည် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
မန်ကန်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jul 08,2024
ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ရွှေမန်းမောင်/မယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
Jul 08,2024
မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်  ရွှေမန်းမောင်/မယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၇)ရက်နေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်နှင့်ကော်မတီဝင်များ၊ အမှတ်ပေးဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ စိတ်ပါဝင်စားသူများ၊ ဝါသနာရှင်များ၊ iFIT Co.,Ltd မှ တာဝန်ရှိသူများနှင့် ကူညီပါဝင်ဆောင်ရွက်ခဲ့သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ငပုတောမြို့နယ် အခွန်လွတ်ဈေးအတွင်း အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူများ အ‌ခြေခံစားသောက်ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားအ‌ခြေခံစားသောက်ကုန်များကို အခွန်လွတ်ဈေးအတွင်း ယနေ့နံနက်ပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက် ဒေါနလမ်းရှိ အခွန်လွတ်ဈေးတွင်  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မန်ကန်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တလုတ္ထော်မြို့၊ ဓမ္မီအုပ်စု၊ ဓမ္မီကျေးရွာရှိ ကွင်းအမှတ်(၁၂၉၄)၊ ဦးပိုင်အမှတ်(၂၆၆)ရှိ တောင်သူဦးကျော်ကျော်ဆွေ၏ လယ်မြေ(၆.၀၀)ဧကတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေး စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။