ရွှေပြည်သာ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် အသံချဲ့စက်များဖြင့်ရပ်ကွက်/ကျေးရွာနေပြည်သူများ လိုက်လံအသိပေးလျက်ရှိကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် အသံချဲ့စက်များဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်စေရန် အသိပေးလိုက်လံကြေညာခြင်း၊ စားသောက်ဆိုင်များ၊ အသုပ်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအသောက်များကိုသာ ရောင်းချကြရန်အသိပညာပေးစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)