ပဲပုပ်မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Jul 08,2024
စားသုံးဆီဖူလုံစွာရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်း မြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ်မျိုးယှဥ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ စိုက်ပျိုးထားသည့် ပဲပုပ်မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။