အင်းစိန်မြို့နယ်အဆင့် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ

အင်းစိန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ(၁၀၃)ဦးနှင့် ကဗျာပြိုင်ပွဲ(၁၉)ဦး စုစုပေါင်း(၁၂၂)ဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အင်းစိန်မြို့နယ်၊ ပညာရေးမှူးဒေါ်ဝင်းဝင်းနွယ်၊ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်မိမိမော်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)