ရှမ်းရွာသစ် ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာဝက်များဈေး ကောင်းပေးဝယ်နေ၍ မွေးမြူသူများအဆင်ပြေလျက်ရှိပြီး ယခင်နှစ်ထက်တိုးချဲ့မွေးမြူလာကြောင်း သိရသည်။
မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင့် ဝက်သားပေါက်များဝယ်ယူကာမွေးမြူလေ့ရှိရာ(၂)လသားခန့်ဝက်အထီး၊ အစ်မတစ်စုံလျှင် ငွေကျပ်(၃၀၀၀၀၀)ခန့်ဝယ်ယူကြကြောင်း၊ဝက်မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးများစွာ မလိုပဲ တစ်ပိုင်တစ်နိုင်မွေးမြူ၍ ရသောကြောင့် မိသားစုအပိုဝင်ငွေလည်းရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း၊ ဝက်သားတစ်ပိဿာလျှင် ယခင်နှစ်က(၁၀၀၀၀)ကျပ်ရရှိ ပြီး ယခုနှစ်တွင် (၁၅၀၀၀)ကျပ်ထိ ရသဖြင့် ဝက်များကို ဒေသနေပြည်သူများ၏ နေအိမ်များတွင် တိုးချဲ့မွေးမြူလာကြောင်း၊ ဝက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရ သည်။
ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက်လိုအပ်သော သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင် တစ်နိုင်မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)