သတင်းများ

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ညောင်မြစ်ဆွဲကျေးရွာအုပ်စုအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က စားအုန်းဆီ တစ်ပိသာ ၅၉၉၅ ကျပ်နှုန်းဖြင့် ဆီ(၁၁၀) ပိဿာရောင်းချပေးခဲ့ကြောင်းသိရသည်။
ကျောက်ဖြူမြို့၌ မိုးရာသီအားကစားပြိုင်ပွဲ အသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်
Jul 08,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအားကစားပြိုင်ပွဲအသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဘောလုံးပွဲဝါသနာရှင်ပြည်သူများမှ တစ်ခဲနက်လာ‌ရောက် ကြည့်ရှုအားပေးကြသည်။
အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် ကမ်းအနားအလယ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပုလောမြို့နယ်၊ နန်းသီလာကျေးရွာအုပ်စု သပြုပြင်ကျေးရွာရှိ အိမ်ထောင်စု(၃၀၀)အတွက် ဆေးရည်စိမ် ခြင်ထောင်အလုံးရေ (၃၀၀) ပေးအပ်
Jul 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၊နန်းသီလာကျေးရွာအုပ်စု သပြုပြင်ကျေးရွာရှိ အိမ်ထောင်စု (၃၀၀)အတွက် ဆေးရည်စိမ် ခြင်ထောင်အလုံးရေ (၃၀၀)ပေးအပ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့၌ အခြေခံစားသောက်ကုန်ဆန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ အခြေခံအိမ်ထောင်စုများအား ဆန်များသက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် လမ်းမတော်မြောက်ရပ်ကွက် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးခဲ့သည်။
ချောင်းသာ၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Gerizim Hotel အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့  အမှတ်(၁)ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၁)နာရီက ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဟောပြောပွဲကို ဆောင်ရွက်ရာ ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကာကွယ်နိုင်ရန်အ‌ကြောင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းအရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်အကြောင်း ပြောကြားသည်။
၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး(၆)ခရိုင် အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Jul 08,2024
၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး(၆)ခရိုင် အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။