သတင်းများ

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်းဖွင့်လှစ်
Jul 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဟင်္သာတ အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
Jul 08,2024
ဧရာဝတီတိုငိးဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တံတားမြို့၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်းပြသ
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 08,2024
ကျောင်းသား/သူများ မိုးတွင်းရာသီကာလ၌ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများကင်းဝေးစေရေးနှင့် ကျောင်းပတ်ဝန်းကျင်၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဘိုကလေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများအား ယနေ့နံနက်(၈)နာရီမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
မိုးကောင်းမြို့နယ် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Jul 08,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ဇူလိုင်(၇)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။
ကသာမြို့တွင် မြေနိမ့်ပိုင်းရက်ကွက်များ၌ ဧရာဝတီမြစ်ရေဝင်ရောက်နေမှုကြောင့် ရေဘေးသင့်ပြည်သူများအား သစ်ပင်ချစ်သူများအဖွဲ့က သွားရောက်လှူဒါန်း
Jul 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးရပ်ကွက်များသို့ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေသောကြောင့် ရေဘေးသင့်ပြည်သူများအား ကသာမြို့ သစ်ပင်ချစ်သူများအဖွဲ့က ဆန်၊ဆီ၊‌ဆေးနှင့် အခြားစားသောက်ကုန်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းဆောင်ရွက်
Jul 08,2024
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ခြင်အန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ ကလောမြို့ အမှတ် (၁၀) ရပ်ကွက်၊ မိန်းလမ်းမကြီးဘေးရှိ ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးစေရန် ရေနုတ်မြောင်းများ ဆည်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သုံးခွမြို့၌ ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိကွင်းဆင်းစစ်​ဆေး
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် အစားအသောက်များသန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး​ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။