ကြံခင်းမြို့၌ အခွန်ပညာပေး ဆွေးနွေးပွဲပြုလုပ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင် လုပ်ငန်းရှင်များအား အခွန်ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အခွန်များဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။