ပေါက်မြို့နယ် ထန်းတောကျေးရွာ၌ ကျေးလက်အင်ဂျင်မီးလင်းရေး အောင်ပွဲအတွက် လူထုစစ်ဆေးပွဲ ကျင်းပ
Aug 30,2020
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာ လူထုထည့်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးအောင်မြင်ခဲ့သော ကျေးလက်အင်ဂျင်မီးလင်းရေး အောင်ပွဲလူထု စစ်ဆေးပွဲကို ပေါက်မြို့နယ် ကျောသာကျေးရွာ၌ ယမန် နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။