လပွတ္တာ၌ မီးသတ်တပ်ဖွဲ့မှ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

လပွတ္တာ    သြဂုတ်     ၃၀

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့တွင် နေထိုင်သူ မိဘ ပြည်သူများအတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက် ()နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ်ဖြင့် မြို့အတွင်း နေထိုင်သူမိဘ ပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာသူများအားလုံး နှာခေါင်းစည်း (mask) များကို မဖြစ်မနေတပ်ဆင်သွားလာကြရန်၊ နှာခေါင်းစည်း(mask) တပ်ဆင်ရေးအတွက် ပညာပေး ကာလအဖြစ် ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နေ့မှ စတင်၍ နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ် ပြင်ပသို့ သွားလာသူများအား နှာခေါင်းစည်း (mask) () လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ သွားလာခြင်းများ ရှိပါက သွားလာသည့် အချိန်တိုင်း နှာခေါင်းစည်း (mask) များကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြရန် တတ်နိင်သမျှခပ်ခွာခွာ နေထိုင်ကြပါရန်နှင့် ဖြစ်နိင်ပါက အနည်းဆုံး ()ပေ အကွာမှသာ နေထိုင် ပြောဆိုဆက်ဆံပါ လက်တွင် ကပ်ပါလာသော ဗိုင်ရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက်များကို မိဘပြည်သူများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ ခရိုင် ပြန်/ဆက်)