အလုံ သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် ကျန်းမာဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ယနေ့နံနက် ၈နာရီခွဲမှစ၍ စောနောက်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များ နှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွား စေနိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်း ရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ် ခြင်းများဆောင်ရွက်ခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ခြင်း၊ ကိုဗစ် −၁၉ ကာကွယ် ရေး Hand Held Loudspeaker ဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလုံမြို့နယ်တွင် သွေးလွန်းတုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်တင်ချို ပြန်/ဆက်