သတင်းများ

လှိုင်သာယာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 28,2020
လှိုင်သာယာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ် အင်းတောအုပ်စု အုန်း‌‌တော(တောင်)စု ကျေးရွာ၌ ကျေးရွာမီးလင်း​ရေး ဖွင့်ပွဲကျင်းပ
Feb 28,2020
ကျေးလက်လူထုအခြေပြုဖွံ့ဖြိုးမှုကို တို့​ရှေ့ရှုဟူသော ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့​သော အင်းတောအုပ်စု၊ အုန်း‌‌တော(တောင်)စု ကျေးရွာတွင် အင်ဂျင်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲနှင့် လူထုစစ်‌ဆေးပွဲကို​ ယမန်နေ့ နံနက်(၉) နာရီတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊ မြို့နယ်​ကျေးလက်ဦးစီးမှူး​ ဒေါ်​အေး​အေးသန့်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး​ ဒေါ်ဥမ္မာ​ကျော်နှင့် လူထုဗဟိုပြုအဖွဲ​ခေါင်း​ဆောင် ဦးသိန်း​ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် Access To Health Fund အလှူရှင်အဖွဲ့မှ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
Feb 28,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် Access To Health Fund အလှူရှင်အဖွဲ့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး မိခင်နှင့်ကလေး ကျန်းမာရေးစီမံချက် အကျိုးသက်ရောက်မှု ရှိစေရန်နှင့် ကျေးလက်နေ ပြည်သူ့တို့၏ လိုအပ်လျှက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြည်သူ့စကားဝိုင်းကျင်းပ
Feb 28,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက "(COVID-19) အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာများ" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀)သင်တန်းသားများ လာရောက် လေ့လာ
Feb 27,2020
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) CommunityCentre သို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းသား (၃၅)ဦး သည်ကြီးကြပ်သူများ လိုက်ပါ၍ ယနေ့၊ နေ့လယ် ( ၃ )နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ ရောက်ရှိလေ့လာကြသည်။
ဖျာပုံမြို့နယ်၌ ပင်လယ်ပြင်ဘေး လုံခြုံရေးနှင့် ငါးလုပ်ငန်းဥပဒေနှင့်အညီ ငါးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော ပင်လယ်ပြင်ဘေးလုံခြုံရေးနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) အချိန်တွင် ဖျာပုံမြို့နယ် ငါးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ယင်းမာပင်ခရိုင်အတွင်း လယ်မြေ(၅၇)ဧကကျော်ကို စိုက်ပျိုးရေအထောက်အကူဖြစ်စေမည့် ရေတွင်းနက် (၅)တွင်း စတင်တူးဖော်လျက်ရှိ
Feb 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၏ စိုက်ပျိုးရေအထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးသုံးရေတွင်း အနက်ပေ(၈၀၀)ရှိ တွင်းနက်(၅) တွင်းကို တူးဖော်ဆောင်ရွက်မည်ဖြစ်ရာ ယနေ့တွင် ဇီးချိုင်ကျေးရွာ၌ စတင်တူးဖော်ဆောင်ရွက်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းထံမှ သိရသည်။
ထန်းတပင်၌ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကျင်းပ
Feb 27,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးပွဲ(၂၀၁၉)ကို ယနေ့ နံနက်ပိုင်း တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။