တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေးကင်းဝေးစေရေး စစ်ဆေး
Feb 28,2020
ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၉ နာရီက ဒုမီးသတ်ဦးစီးမှူးများဖြစ်သော ဦးအောင်ကိုနိုင်၊ ဦးသန့်ဇင်ဖြိုးနှင့် လက်ထောက် မီးသတ် ဦးစီးမှူးများ သန္ဓေတပ်ဖွဲ့၀င်များ အရန်မီးသတ်တပ်ဖွဲ့၀င်များသည် ၂၀၂၀ ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စာစစ်ဌာန၀န်းကျင်ရှိ ရပ်ကွက်ကျေးရွာများတွင် မီးဘေးကြိုတင် ကာကွယ်နိုင်စေရေး စစ်ဆေးခြင်း အကြံပြုခြင်းများကို အဖွဲ့နှစ်ဖွဲ့ခွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။