သတင်းများ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေး ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်၍ နှခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 30,2020
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေ ရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင် ထွက်သူတိုင်း ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု(Mask Campaign)အဖြစ် ယမန်နေ့က မြို့ပေါ်လူစည်ကားရာ နေရာများနှင့်အနီးဝန်းကျင်ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး၍ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်
Aug 30,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အဆင့်ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဂန့်ဂေါ- ကျောက်ထု- ဆော- ကန်ပက်လက်လမ်း၊ ပခုက္ကူ- ကျောက်ထု - မင်းတပ်လမ်း၊ လမ်းဆုံဖြစ်သည့် ပန်းဆန်ရွာလမ်းဆုံတွင် ယမန်နေ့ ညနေပိုင်းက ခရီးသွားများ၊ မော်တော်ယာဉ်ဖြင့် သွားလာသူများအား နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းရှိ၊ မရှိ စစ်ဆေးကြပြီး ပညာပေးဆွေးနွေးကြသည်။
ထီးချိုင့်မြို့နယ် မြစိမ်းရောင် စီမံကိန်း (ပဉ္စမ)နှစ်အတွက် ချေးငွေထုတ်ချေးပေးခြင်းဆောင်ရွက်
Aug 30,2020
စစ်ကိုင်းတိုင်းဒေကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း (ပဉ္စမ) နှစ်အတွက် ထုတ်ချေးပေးမှုအား ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဆားတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်များအား စစ်ဆေးခြင်းဆောင်ရွက်
Aug 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီက စားသောက်ဆိုင်များနှင့် မြို့တော်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်ပန်းခြံထောင့် ရွှေမင်းဝံလမ်းမကြီးတစ်လျှောက်နှင့် လူအများသွားလာရာ မြို့မစျေးထောင့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည် ယာဉ်များနှင့် အိမ်သုံးယာဉ်များတွင် လိုက်ပါစီးနှင်းသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုကြစေရန် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဂန့်ဂေါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဂန့်ဂေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းဆွေနွေး
Aug 30,2020
မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဂန့်ဂေါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များတို့ မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်း ညှိုနှိုင်းအစည်းအဝေးပွဲကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့မဈေးအတွင်း နှာခေါင်းစည်း(Mask) တစ်သောင်းကျော် (အခမဲ့)ဖြန့်ဝေ
Aug 30,2020
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော် COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့နှင့် တပ်ကုန်း COVID -19 စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ COVID-19 ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးနှင့်ကျန်းမာရေးအသိရှိစေရန် ယနေ့ နံနက် ၉နာရီခွဲက တပ်ကုန်းမြို့မဈေး အတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးသည်။
ဝက်လက်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Maskတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Aug 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ဝက်လက်မြို့ နာရီစင်အနီးတွင် ယနေ့နံနက် (၇)နာရီ အချိန်က နေအိမ်ပြင်ပ ထွက်ခွာပါက Mask တပ်ဆင်ရေ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။