သတင်းများ

သရက်ခရိုင်၊ မင်းတုန်းမြို့တွင် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Youth Club၊ Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာဖေမြင့်၏ "တန်ဖိုးထားအပ် သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မျိုးသန့်၊မျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်
Aug 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင် ရွက်သော မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့ ဌာနဆိုင် ရာများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်တွင် Mask စနစ်တကျတပ်ဆင်သွားလာရေး အသိပညာ​ပေး
Aug 29,2020
လက်ရှိဖြစ်ပွားလျက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ​နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက Mask စနစ်တကျတပ်ဆင်သွားလာ‌ရေး အသိပညာ​ပေးလှုပ်ရှားမှုကို ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်၌ ​ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက် ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာတာဝန်ရှိ သူများ ပူးပေါင်း၍ ရေစခန်း၊ အိုင်ကြီး၊ သရက်သုံးပင်၊ ဇရပ်ကွင်း စသည့် ကျေးရွာများတွင် သွားလာလျက်ရှိ ကြသော ပြည်သူများအား Mask များ တပ်ဆင်သွားလာ‌ရေး အသိပညာပေး ဆောင်ရွက်ပြီး၊ Mask များကို လည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ကန်ကြီးထောင့်မြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း Mask တပ်ဆင်မှုရှိစေရေး အသိပညာ ပေး
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်မှုရှိစေရေး အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ကျေးရွာအရောက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း များ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း ကို ယနေ့ နံနက် ၉ နာရီအချိန်က လပွတ္တာမြို့ ဦးဟိုက်ပင့် တံတား (နယ်ဆုံသင်္ဘောဆိပ်)တွင် ပြုလုပ်ခဲ့သည်။