မြစ်သားမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ကြီးမှူး၍ Corona virus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၄:၀၀) နာရီ အချိန်က လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်အိအိသွယ်က အမှာစကား ပြောကြားခြင်း၊ မြို့နယ် ကျန်းမာရေးမှူး ဒေါ်ထွန်းမေ က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။