ကာလိ သြဂုတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့မှ မြို့မဈေးရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ကာလိနယ်မြေရဲစခန်းမှ ရဲအုပ်လှဟန် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကာလိမြို့ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ကာလိမြို့အတွင်း ဝင်/ထွက် သွားလာနေကြသော ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိပါက ယခုဝယ် ယခုတပ်ဆင်စေသည့် စနစ်ဖြင့် နှာခေါင်းစည်းတစ်ခုလျှင် ဒဏ်ငွေငါးရာကျပ် အားပေးဆောင်စေ၍ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ မလိုအပ်ပါက အပြင်မထွက်ကြရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
ဝင်းကျော် (ကာလိ၊ပြန်/ဆက်)