လှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Aug 30,2020
လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပ ပြုလုပ်မည့်အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအား အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ် (၁၄) ရပ်ကွက်အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ယမန်နေ့၊ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။