သတင်းများ

ရေကြည်မြို့နယ်တွင်နှာခေါင်းစည်းမတပ်သူများအား "ယခုဝယ် ယခုတပ်" စနစ်ဖြင့် ဆောင်ရွက်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ် လူစည်ကားရာနေရာများ၌ ယနေ့နံနက် (၈) နာရီအချိန်က နှာခေါင်းစည်းမတပ်သူများအား "ယခုဝယ်ယခုတပ်" အစီအစဉ်ဖြင့်ဒဏ်တပ် အရေးယူခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာ‌ခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 30,2020
ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများဖြန့်ဝေခြင်း နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ကော်မတီမှ နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်း Mask များ တပ်ဆင် သွားလာနိုင်ရေး Mask Campaign ပြုလုပ်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ဦးဆောင်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား Maskများအခမဲ့ဝေငှခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ဒုတိယလမ်း မီပွိုင့် ဒေါင့်နှင့် မြောက်ပိုင်းစျေးရှေ့၌ပြုလုပ်ကြသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 30,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၇နာရီခွဲက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်း ညောင်ရွှေမြို့၌ဆောင်ရွက်
Aug 30,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 30,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင် ငွေဆောင်မြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းဆောင်ရွက်
Aug 30,2020
မကွေးတိုင်း ဒေသကြီး၊မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက် ၁၀ နာရီ တွင် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီအဖွဲ့က မဲဆန္ဒရှင်စာရင်း စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာများအရောက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ်