သတင်းများ

ငဖဲမြို့နယ်၌ ပန်ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ ဝင်ငွေကောင်းလျက်ရှိ
Feb 28,2020
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မရပ်ကွက် မန်းချောင်းနံဘေး မြို့အရှေ့ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ပန်ဖူးစားပြောင်းစိုက်ခင်းများ ရာသီမရွေးစိုက်ပျိုးနိုင်၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေး ဟောပြောပွဲ ကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေးဆွေးနွေး
Feb 28,2020
စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်းတို့ပူးပေါင်း၍ ဖလမ်းမြို့တွင်း အမှိုက်သိမ်းဆည်း ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေး ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်နေ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။
တန့်ဆည်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တန့်ဆည်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ဘောလုံးကွင်း ဟောင်းနေရာ၌ ကျင်းပခဲ့သည်။
ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်ချုပ်လမ်းစျေးသစ်ရပ်ကွက်ရှိ အဆိုပါ ရုံးအဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဆောက်အဦသစ်အား ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့်သတ္တု ဝန်ကြီး ဦးမာန်ဟင်းဒါလ် ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံဘဏ္ဍာ) ဦးအောင်ကျော်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
မြိတ်မြို့၌ ဆေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်
Feb 28,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအတွက် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိ/မရှိကို တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြိတ်မြို့ရှိ ဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။