ရွှေတောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများထပ်မံပေးအပ်
Aug 29,2020
ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရွှေတောင်မြို့နယ် သာသနာ့ဗိမာန်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပေးအပ်ခဲ့သည်။