မင်းဘူး ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်သည့်အနေဖြင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က လူသွားလူ လာများသော မင်းဘူးမြို့မစျေး၊ တောင်လှည်းကောက်နှင့် မြောက်လှည်းကောက် အဝိုင်းပတ် နေရာများတွင် ပြုလုပ်ခဲ့ကြသည်။
မင်းဘူးခရိုင် ကိုဗစ်-ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် Mask Campaign ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ပြည်တွင်းကူဆက်မှု များပြားလာသော ကြောင့် ပြည်သူအားလုံးက သတ်မှတ် စည်းကမ်းချက်များကို လိုက်နာခြင်းဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် ပရဟိတ လူမှုရေးအသင်းအဖွဲ့ အစည်းများ ပူပေါင်း၍ နှားခေါင်းစည်း Mask များကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)