သတင်းများ

ဆမ်မိန်းကျေးရွာ၌ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပမည်
Feb 28,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဌာနဆိုင်ရာများမှ ပူးပေါင်းစီစဉ် ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို မတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ အမက (မူလွန်) ကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကလေးခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ
Feb 28,2020
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်း ကြိုကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များစာကြည့်တိုက်အကြောင်းသိရှိစေရန်နှင့် စာကြည့်တိုက် ကို အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက သိရှိစေရေး ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်းနှင့် ကလေးစာပေစာအုပ်ပြပွဲတို့ကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်
Feb 28,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖလမ်းမြို့ လူမှုဝန်ထမ်းမူကြိုကျောင်း၌ ပြုလုပ်သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတ/ကိုယ့်အားကိုယ်ကိုး မှုကြိုကျောင်းများအား ထောက်ပံ့ကြေးငွေ ပေးအပ်
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်းထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအားထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောင်းသား၊ ကျောင်းသူများအား သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကျေးရွာများအား အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနား ကသာမြို့၌ကျင်းပ
Feb 28,2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကသာခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်အတွင်းရှိ မြို့နယ် များမှ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ များအား သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် ကျေးရွာများအား အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ သင်းကျစ်တော် ပင့်ဆောင်လှည့်လယ်ပွဲကျင်းပ
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် သကျမာရိဇိန်သွန်းဘုရားကြီး၏ သင်းကျစ်တော် ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့တွင် ကျင်းပခဲ့သည်။
မိုင်းလုံမြို့တွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်းစီမံကိန်း ဆွေးနွေးပွဲကျင်းပ
Feb 28,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ခန္တီရပ်ကွက် ဆုတောင်းပြည့် ဘုရား ကျောင်းတွင် ယမန်နေ့နေ့လယ် (၁၂) နာရီက မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းနှင့် စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်း နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။