သဲကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သဲကုန်း      ဩဂုတ်   ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်စကား‌ ပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်မြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င် ဦးဌေးလွင်မှ စေ့စပ်ညှိနှိုင်းရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။         

၎င်းနောက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမျိုးမြင့်‌အောင် ကစည်းရုံးရေးကာလတွင် ကိုဗစ်-၁၉ ရောဂါကာလနှင့်တိုက်ဆိုင်နေပါက ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်သွားနိုင်‌ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အမိန့်နှင့် ညွှန်ကြားချက်များရရှိပါကထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများတစ်ခု နှင့်တစ်ခုတစ်ဦးနှင့်တစ်ဦးကြားပြဿနာများမဖြစ်ပွားကြရန်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့်တစ်ဦး အငြင်းပွားမှုပြဿနာ များမဖြစ်ပွားရန်နှင့် အားလုံးစည်းမျဥ်းစည်းကမ်းများ နှင့်အညီ လုပ်ဆောင် သွားကြမှသာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကြီးအား အောင်မြင်စွာကျင်းပနိုင် မည်ဖြစ်ကြောင်းတို့ အားလည်းကောင်း၊မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ညွန့်ကြားချက်များအား သေချာစွာလေ့လာဖက်ရှုထားကြရန်နှင့် စည်းမျဉ်းစည်းကမ်းများအားတိကျစွာ လိုက်နာဆောင်ရွက်သွား ကြရန်တို့အား လည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးနိုင်လင်းက နိုင်ငံရေးပါတီများ အနေဖြင့် ထုတ်ဝေစာ များအား ကျော်လွန်စွာထုတ်ဝေလိုပါက မှတ်ပုံတင်ပြုလုပ်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်မြင့်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည် ။                                   

နိုင်လင်း(ပြန်/ဆက်)