ပေါက်ခေါင်း ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် နေအိမ်အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ကြရန် အသိပေးပြောကြားခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက လူစည်ကားသည့်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ နှာခေါင်းစည်း တပ်ဆင်သွား လာခြင်း မရှိသူများကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း(Mask) နှစ်ခုကို (၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)