ကျောက်ဆည်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 27,2020
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့ခံစာရေးဆရာကြီးများနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ စာပေချစ်မြတ်နိုသူများအဖွဲ့(Book Club)တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၉)နာရီခွဲတွင် စာရေးဆရာ ဖေမြင့်ရေးသားထားသည့် “ဘဝတစ်သက်တာရသစာများ” စာအုပ်ပါ အကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။