မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

မုံးကိုး   ဩဂုတ် ၃၀

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင် လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က အမှာစကားပြောကြားရာတွင် “ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေ အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေတွေ ပေးအပ်တဲ့အခါမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့ အပြည့်အစုံပြည်လည်တင်ပြကြရန်နဲ့ စာရင်းအချက်အလက်များကို တိကျမှန်ကန်စွာ ဆောင်ရွက်ကြရန်” ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း(၁၀၆၃)အတွက် ထောက်ပံ့ ငွေများကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံခဲ့ကြောင်းသိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)