လှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

လှိုင်    ဩဂုတ်    ၃၀

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပ ပြုလုပ်မည့်အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအား အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ် (၁၄) ရပ်ကွက်အမှတ်(၁) စစ်​ကြော​ရေးနှင့် တည်းခို​ရေးစခန်းတွင် ယမန်နေ့၊ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်၍ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ ကွက်လပ်ဖြစ်နေသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ ကွက်လပ်ဖြစ်နေသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်များ ပြန်လည်ဖြည့်သွင်း​​ပေးခြင်း၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ယခုစစ်​​ကြော​ရေးစခန်းတွင် နိုင်ငံသားကတ်စုစု​ပေါင်း (၄၁) ခုအား လူဝင်မှူး ကြီးကြပ်​ရေးမှူး ဦးသိန်းညွန့် နှင့်ဝန်ထမ်း (၄) ဦးအပါအဝင် ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့် အဖွဲ့များ ပူး​ပေါင်းပြီး သစ္စာစီမံချက်အ​နေဖြင့်​ ဆောင်ရွက်​ပေးခဲ့​ကြောင်း ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက် ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန လှိုင်မြို့ နယ် ဦးစီးမှူး ဦးစိုင်း​အောင်လှထံမှ သိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)