မုံးကိုး ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်မှုရှိစေ ရေးနှင့် အသက်(၁၈)နှစ်ပြည့်သူတိုင်းမဲပေးနိုင်ခွင့်ရရှိစေရေးအတွက် မုံးကိုးမြို့၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဝင် များ ပူးပေါင်းပြီး ရပ်ကွက်/ကျေးရွားများသို့ ယနေ့ နံနက်ပိုင်းကစတင်ပြီး အိမ်တိုင်ရာသွားရောက်၍ အိမ်ထောင်စုစာရင်းများ နှင့်မဲစာရင်းများ ကိုက်ညီမှုရှိ/မရှိစနစ်တစ်ကျ ကွင်းဆင်းစိစစ် စစ်ဆေး သည်။
ထိုသို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ရာ၌ မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးသန်းဇော်ဦးတို့က ကြီးကြပ်၍ ရပ်ကွက်(၅)နှင့် ရပ်ကွက်(၆)အတွင်းရှိ မဲစာရင်းများမှန်ကန်တိကျမှုရှိ/မရှိစစ်ဆေးခြင်း၊ အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိ၊ နာမည်ပါဝင်ခြင်းမရှိပါက သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက် ဆောင်ရွက်ပေးခြင်းနှင့် ဖြည့်စွတ်ပုံစံများကို ပြည်သူများနားလည်ရန် ရှင်းပြပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး မဲစာရင်း၌ နာမည်မပါဝင်သင့်သူများကို နာမည်ပယ်ဖျက်ရန်နှင့် (၂၀၂၀)ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာပြုလုပ် ကျင်းပနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့များဝိုင်းဝန်း ပူးပေါင်းပြီး ကွင်းဆင်းစိစစ်မှုများနှင့် ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)