တနိုင်းမြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းသူများအား တစ်ဦးလျှင် ကျပ်(၃၀၀၀ဝိ/_)နှုန်း ထောက်ပံ့ပေးအပ်

တနိုင်း  သြဂုတ် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်း သူများအား နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေမှ တစ်ဦးလျှင်ကျပ်(၃၀၀၀ဝိ/_)နှုန်းဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းနှင့်အဖွဲ့တို့သည် ယနေ့ မွန်းလွဲ()နာရီမှ ()နာရီအချိန်အထိ လမုန်ကျေးရွာအုပ်စုရှိ သက်ဆိုင်ရာကျေးရွာ ဘုရားကျောင်းများ၌ အခမ်းအနားကျင်းပ၍  ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းဦးဆောင်၍ ဌာနဆိုင်ရာများလိုက်ပါလျှက် နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအတွက် တနိုင်းမြို့နယ် အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မကောကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာ နှင့် မကော ကျေးရွာမှ မသန်စွမ်းသူ(၅၂)ဦးအတွက် ငွေကျပ်(၁၅၆၀၀၀ဝိ/_)သိန်းအားလည်းကောင်း၊  မကောကျေးရွာအုပ်စု လမုန်ကျေးရွာမှ မသန်စွမ်းသူ(၇၀)ဦးအတွက် ငွေကျပ်(၂၁၀၀၀၀ဝိ/_)သိန်းအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/_)နှုန်းဖြင့် စုစုပေါင်းမသန်စွမ်းသူ(၁၂၂)ဦးအတွက် ငွေကျပ် (၃၆၆၀၀၀ဝိ/_) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို မကောကျေးရွာအုပ်စု ကျောင်းကုန်း()နှစ်ခြင်းဘုရားကျောင်းနှင့် လမုန် ကျေးရွာ မူရင်း COC နှစ်ခြင်းဘုရားကျောင်းတို့၌ အခမ်းအနားကျင်းပ၍ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး  ဦးဇော်ဝင်းက တက်ရောက် လာသော မသန်းစွမ်းသူတစ်ဦးချင်းအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက် နိုင်ခြင်းမရှိသည့် မသန်စွမ်းသူများကိုယ်စား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူခဲ့ ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)