သတင်းများ

မိုင်းပန်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ရေသွင်း၊ ရေထုတ်မြောင်းတိုးချဲ့တူးဖော်ခြင်းလုပ်ငန်း မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 30,2020
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ တောင်ကိုင်း(တောင်) ကျေးရွာ၌ CERP အစီအစဉ်အရ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး ဆောက်လုပ် ပြီးစီး မှုစစ်ဆေး
Aug 30,2020
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေ ဧပြီ ၂၁ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ပြီးစီးနေ ပြီဖြစ် သည့်အတွက် ဂန့်ဂေါမြို့နယ် တည်ဆောက်ရေးနှင့်ပြုပြင်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမောင်မောင်အေးနှင့် ကော်မတီဝင်များ ယမန်နေ့က သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။
ရပ်စောက်မြို့တွင်ကိုဗစ်-၁၉ စီးပွာရေးကုစားမှု (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်
Aug 30,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေး ဦးစီးဌာနတွင် ကျင်းပသည်။
ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaign ပြုလုပ်
Aug 30,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်း အဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေး စာစောင် ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင်လမ်းများ အနှေးယာဉ် နှင့်သုံးဘီးယာဉ်ဂိတ်များသို့သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရေကြည်မြို့နယ် ငဝန်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅၄၀၀၀၀)စိုက်ထည့်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ရေရှည်တည်တံ့ပွားများစေရန်၊
ကျုံပျော်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဆောင်ရွက်
Aug 30,2020
လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းကို သြဂုတ် ၃၀ ရက် နံနက်က စတင်ပြုလုပ်ခဲ့​သည်။
ကမမောင်းမြို့တွင် ကကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask များ အခမဲ့ ဖြန့်ဝေ
Aug 30,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက်အသိပညာပေးခြင်းနှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းကိုယနေ့ နံနက် ၈ နာရီအချိန်၌ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ လူစည်ကားရာစျေးဝင်း၊ကားဂိတ်၊ရပ်ကွက်လမ်းမများတွင် ဆောင်ရွက် ခဲ့ကြသည်။
ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်းမ တပ်ဆင်သူများအား ယခုဝယ်ယခုတပ်အစီအစဉ် ဆောင်ရွက်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် နှာ‌ခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ယနေ့နံနက် ၈ နာရီ အချိန်က ကျောင်းကုန်း မြို့ဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။