ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေး ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်၍ နှခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ဆင်ဖြူကျွန်း  ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေ ရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု(Mask Campaign)အဖြစ် ယမန်နေ့က မြို့ပေါ်လူစည်ကားရာ နေရာများနှင့် အနီးဝန်းကျင်ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါးစပ်နှာခေါင်းစည်း(Mask)များတပ်ဆင်သွားလာရေးလှုပ်ရှားမှု(Mask Campaign) ကို ဆင်ဖြူကျွန်းမြို့ လူငယ်ပရဟိတအသင်းနှင့် စလင်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဖွဲ့စည်း ထားသည့် Sin Phyu Gyun Fitness Dance Group တို့ပူးပေါင်း၍ ဆင်ဖြူကျွန်းမြို့ လမ်းမတော်လမ်း လူစည်းကာရာနေရာများနှင့် စလင်း-ဆင်ဖြူကျွန်း-ဆိပ်ဖြူကားလမ်းဘေးတစ်လျှောက် ကျေးရွာများသို့ သွားရောက်ပြီး အများပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ အိမ်အပြင်ထွက်ရန်၊ မကြာခဏ လက်ကိုစနစ်တကျ ဆေးရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားများကိုလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးနည်းလမ်းများကို သရုပ်ဖော်ပြကပြခြင်းနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း(Mask) ၁၀၀၀ ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမိုးသူ(ပြန်/ဆက်)